ကျွန်မလေ စာရေးချင် တာကြာပါပြီ။
ဒါပေမယ့် တခါမှ မရေးဖြစ်ပါဘူး။
အချိန်မပေးနိုင်တာရယ်၊ ကိုယ့်ကိုကိုယ် မယုံကြည်သေးတာရယ်၊ နောက်ဆုံးတချက်က ကျွန်မ မြန်မာလို မရိုက်တတ်တာကြောင့်ပါပဲ။ အဲဒီလို အကြောင်း များစွာကြောင့် ပဲ စာရေးချင်တဲ့ ကျွန်မရဲ့ ဆန္ဒတွေဟာ ခရီးဝေးဝေး မရောက်ခဲ့ပါဘူး။
ကျွန်မ စာရေးချင်တာကို သိပြီး အမြဲတမ်း အာပေးတိုက်တွန်းတဲ့သူ နှစ်ယောက် ရှိပါတယ်။ တယောက်က ကျွန်မ ရဲ့ ချစ်သောခင်ပွန်း၊ နောက်တယောက်ကတော့ ကျွန်မတို့ ဇနီးမောင်နှံ နှစ်ယောက်စလုံး လေးစားရတဲ့ အစ်ကိုကြီး ကိုအေးဝင်း ပါပဲ။
မထင်မှတ်တဲ့ နေ့တနေ့ မှာ ဗမာပြည်မှာရှိတဲ့ ကျွန်မရဲ့အစ်မ တယောက်က စာအရှည်ကြီးတစောင်ရေးလာပါတယ်။ ဟိုး အရင်ကထဲက မြန်မာပြည် မှာရှိတဲ့ မောင်နှမ များ ဆီ ကို စိတ်ထဲမှာ စာအစောင်ပေါင်းများစွာကို ရေးပေမယ့် လည်း တခါမှလက်တွေ့မှာ မလုပ်ဖြစ်ခဲ့ပါဘူး။
ဒီတခါတော့ အစ်မဆီကိုစာပြန်ချင်တဲ့ ဆန္ဒက ပြင်းပြလွန်းတော့ ကျွန်မ မြန်မာစာကို ကွန်ပြူတာမှာရိုက်တတ်အောင် ကြိုးစားပြီး အောင်မြင်စွာနဲ့ စာတစောင် ကို ပြီးအောင်ရေးလိုက်နှိုင်သလို ပြန်ပြီးတော့လည်း ပို့ လိုက်နို်ုင်ပါတယ်။
ဒီအကြောင်းကို ကျွန်မ အစ်မကြီး သိရရင် ဝမ်းသာမယ်ထင်ပါတယ်။
အဲဒီလို လုပ်ဖြစ်သွားတာက ကျွန်မရဲ့ အိပ်မက်တွေကို အကောင်အထည်ဖော်နိုင်အောင် တွန်းပို့လိုက်သလိုပါပဲ။
ကိုကို နဲ့အတူ ကိုအေးဝင်း ကိုလည်း ကျေးဇူး အများကြီးတင်ပါတယ်။
အခုတော့ ကျွန်မ စာရေး ဖြစ်ပါပြီ။
ထင်းခုတ်စားကြတယ်
7 years ago
No comments:
Post a Comment