Tuesday, January 27, 2009

ထူးထူးခြားခြား အိုဘားမား

ထူးထူးခြားခြား အိုဘားမား
ဖြစ်စဉ်ရှားပါး
အိုဘားမားကြောင့်
မျှော်လင့်ဝိုးဝါး
ဒို့များအားတက်မိပါသည်။

ရှားရှားပါးပါး အိုဘားမား
ထကြွနိုးကြား
သင်ကြိုးစားလော့
တိုးပွားဥစ္စာ
သင်ရှာပါလော့
က မ္ဘာ့ငြိမ်းအေး
သင်ပေးပါလော့။

ဖြူမဲမခွဲ
ဒို့လက်တွဲ၍
ပျော်ပွဲဆင်ယင် - ကမ္ဘာတခွင်
ရွှေရင်အေး၍ မွှေးစေသော်
ကြမ္မာဆိုးများ ဝေးစေသော်
ချစ်ကြည်တေးများ သွေးစေသော်။

ရွှေ
ဇန်နဝါရီလ ၂၁ ရက် ၂၀၀၉

No comments: