သမီးလေး ၄နှစ် ပြည့်တဲ့ အချိန်ရဲ့ အကြောင်းအရာလေး တွေကို မျှဝေထားတာပါ။
အမှတ်တရ တွေ အပြည့်နဲ့ပေါ့။
ပစ္စည်းဆိုတာ ကြိုက် တိုင်း လိုချင်တိုင်း ဝယ်လို့ မရဘူးဆို တာ သင်ထားပေးတော့
သမီးက သူ့မွေးနေ့ မရောက်ခင် ၆လ လောက်ထဲက သူကြိုက်တာ တခုခုတွေ့ရင် သူ့မွေးနေ့မှာ သူ့ကို လက်ဆောင်ပေးဖို့ ပြောပါတတ်ပါတယ်။
အမေဖြစ်တဲ့ ကျွန်မ လည်း တတ်နိုင်သလောက်တော့ လိုက်မှတ်ထားမိပါတယ်။ သူပြောတာတွေများလွန်းလို့ တချို့ပစ္စည်းတွေ ဆိုရင် အေးပါ သမီးရယ် ဆိုပြီး ကျွန်မ မေ့သွားတဲ့ အရာတွေ ရှိသလို တချို့ဟာလေးတွေ ဆိုရင် လည်း အမှတ်တရနဲ့ သတိရပါတယ်။
တကယ်တမ်း သူ့မွေးနေ့ အချိန်လည်းရောက်ရော ကျွန်မမှာ အလုပ်များလွန်းလို့ သူ့ အတွက် လက်ဆောင်သွားဝယ်ပေးဖို့ အခွင့်မရတော့ပါဘူး။
အဲဒါနဲ့ သမီးရဲ့ အဖေ ကိုပဲ အလုပ်က အပြန်မှာဝင်ဝယ်ဖို့ တာဝန်ပေးလိုက်ရပါတယ်။
သမီးလိုချင်တဲ့ ပစ္စည်းစာရင်းထဲမှာ အလှထားတဲ့ ရေသူမ အရုပ်လေးလဲ ပါပါတယ်။ သမီးက ချစ်စရာကောင်းတဲ့ ပစ္စည်း လေးတွေကို အရမ်း နှစ်သက်ပါတယ်။ သမီးကြိုက်တဲ့ အရုပ်လေးကလည်း အင်မတန်မှ ချစ်စရာကောင်း ပါတယ်။
ရေသူမ အဝယ်ထွက်တဲ့ သမီး အဖေ ဟာကျွန်မ ဆီကို သုံးခါလောက် တယ်လီဖုန်း လှမ်းဆက်ပါတယ်။ နောက်ဆုံးတော့ အဆင်ပြေတာသာဝယ်ခဲ့ပါလို့ မှာလိုက်ပါတယ်။
ဒီလိုနဲ့ သူဝယ်လာတဲ့ ရေသူမ ကို ကျွန်မ လည်းတောင်းမကြည့်မိပါဘူး။
သမီးကို ပေးတဲ့လက်ဆောင် သုံးခု မှာ အဲဒီရေသူမ အရုပ်လေးကို နောက်ဆုံးမှ ပေးဖြစ်ပါတယ်။ သမီးလေးက အဲဒီ အရုပ်လေးကိုကြည့်ပြီး အကြာကြီးပဲ စဉ်းစားနေပါတယ်။ ပြီးတော့မှ သမီး ကြိုက်တယ် ကျေးဇုးတင်ပါတယ် လို့ပြောပါတယ်။
သမီးနဲ့ နေ့စဉ်နာရီတိုင်း ထိတွေ့နေတဲ့ ကျွန်မဟာ သမီးရဲ့ မျက်နှာပေါ်က မေးခွန်းပေါင်းများစွာကို ရိတ်မိလိုက်ပါတယ်။
အဲဒီအချိန်ကျမှပဲ သူ့အဖေ ဝယ်ပေးတဲ့ ရေသူမ ကို သေသေချာချာ ယူကြည့်မိပါတယ်။
ကျွန်မလေ ရင်ထဲမှာ ဘယ်လိုမှ အောင့်ထားလို့ မရတဲ့အတွက် ဒီလောက် အရုပ်ဆိုးတဲ့ရေသူမ ဒီတခါ ပဲတွေ့ဖူးသေးတယ် ဖေဖေရယ်လို့ သမီးရဲ့ အဖေကို ပြောမိပါတယ်။
ကျွန်မတို့ သားအမိရဲ့ တုံ့ပြန်မှူကို တွေ့မှပဲ သူဝယ်လာတာမှားသွားပြီလို့ အဖေဖြစ်တဲ့သူက သဘောပေါက်တော့တယ်။
ဒီအကြောင်းလေးကို ဖတ်မိပြီး တိုက်ဆိုင်မှုရှိတဲ့ စာဖတ်သူများ ပြူံး မိမယ်လို့ ..........
ထင်းခုတ်စားကြတယ်
7 years ago
No comments:
Post a Comment